ချန်ပီယံ လိဂ်တွင် ကစားခွင့် ရခြင်းသည် အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ယန်းဖွင့်ဟ
Page 1 of 1

ချန်ပီယံ လိဂ်တွင် ကစားခွင့် ရခြင်းသည် မိမိ ဘ၀၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု မန်ချက်စတာ ယူနိုက်တက် ကစားသမား အက်ရှ်လေယန်းက ဖွင့်ဟ ပြောကြားခဲ့သည်။
ဝတ်ဖို့ဒ်နှင့် အက်စ်တန်ဗီလာ ကစားသမား ဟောင်းသည် ယခုအခါ ၎င်းဘ၀၏ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဘေဆယ်လ်နှင့် ရင်ဆိုင် ကစားခွင့် ရတော့မည် ဖြစ်သည်။ ဥရောပ၏ ထိပ်သီးအဆင့် ကလပ် အသင်းများ အကြိတ်အနယ် ၀င်ရောက် ယှဉ်ပြိုင်နေသော ချန်ပီယံလိဂ် ပြိုင်ပွဲကြီး၏ ခမ်းနားမှုကို မိမိ မျက်ဝါးထင်ထင် မြင်ခွင့်ရတော့ မည့်အတွက် စိတ်လှုပ်ရှား နေကြောင်းတောင်ပံ တိုက်စစ်မှူး ယန်းက ပြောကြားခဲ့သည်။ “ကျွန်တော် တကယ်ကို စိတ်လှုပ်ရှား မိပါတယ်။ မန်ယူလို အသင်းမျိုး နဲ့အတူ ဒီလိုပြိုင်ပွဲ ကြီးမှာ ၀င်ကစားခွင့် ရဖို့ဆိုတာ လူတိုင်းရဲ့ အိပ်မက်ပါ” ဟု ယန်းက သတင်းထောက် များထံ ပြောဆိုသွားသည်။
[မန်ချက်စတာ ယူနိုက်တက်တွင် ခြေစွမ်းပြနေသည့် အက်ရှ်လေယန်း]
မန်ချက်စတာ ယူနိုက်တက်တွင် ခြေစွမ်းပြနေသည့် အက်ရှ်လေယန်း
၎င်းက “ကျွန်တော်က ‘ငါ ချန်ပီယံ လိဂ်မှာ ကစားဖူး တယ်ကွ’ ဆိုတဲ့ စကားကို သိပ်ပြောချင် နေပါပြီ။ ဒီရာသီမှာ မန်ယူအတွက် ကျွန်တော် စွမ်းဆောင် ပေးနိုင် ခဲ့တာတွေကို ကျနပ်မိ ပါတယ်။ မန်ယူမှာ ကစားတဲ့ အခါ ပွဲစဉ်တွေ ပိုစိပ် လာသလို မြန်နှုန်းလည်း ပိုမြှင့် ရပါတယ်။ မန်ယူ ကစားသမား တစ်ယောက် အနေနဲ့ အချိန်တိုင်းမှာ ဖိနပ်ကောက်စီး၊ ဂျာစီ ကောက်စွပ်ပြီး ဘောလုံး ကစားဖို့ အဆင်သင့် ဖြစ်နေရ တတ်ပါတယ်” ဟုလည်း ဆိုသည်။ အင်္ဂလန် လက်ရွေးစင် ယန်းသည် အိုးလ်ထရက်ဖို့ဒ် ပရိသတ်ရှေ့ မှောက်တွင် အထူးခြေစွမ်း ပြနေပြီး ပရီးမီးယား လိဂ်တွင် (၂)ဂိုး သွင်းကာ ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ်ပေး ခဲ့သည်။
သို့သော်လည်း ၎င်းသည် မန်ယူ၏ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်အဖြစ် ပေါ်တူဂီတွင် ဘင်ဖီကာနှင့် သွားရောက်ယှဉ်ပြိုင် ရာ၌ ပါဝင်ခွင့် မရခဲ့ပေ။ ဆွစ်ဇာလန် ကလပ် ဘေဆယ်လ်နှင့် ပွဲတွင်မူ ၎င်းသည် ပထမဆုံး ချန်ပီယံ လိဂ်ပွဲ နွှဲခွင့်ရတော့ မည်ဖြစ်သည်။ ယန်းသည် အသင်းဟောင်း အက်စ်တန်ဗီလာနှင့် အတူ ယူရိုပါ ဖလားပွဲစဉ် (၁၁)ပွဲ ပါဝင် ကစားခဲ့ ဖူးသည်။ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ်တွင် ခေါ်ယူလိုက်သော ယန်း သည် မန်ယူ အသင်း အတွက် မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့ ပေသည်။ အရေးပါသော ဂိုးများသွင်း နိုင်ရန် ပံ့ပိုး ပေးသော ကစားသမားကောင်း တဦး လည်း ဖြစ်ပေသည်။

mr.virus- အထူးအသင်းဝင်
- Posts : 6
Reputation : 0
Join date : 2011-09-24
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum