အိုင်တီမြန်မာ
အိုင်တီိဖိုရမ်မှသူငယ်ချင်းကိုနွေးထွေးစွာကြိုဆိုပါတယ်...
မိတ်ဆွေမန်ဘာမဟုတ်သေးပါကမန်ဘာဝင်ရန်ဖိတ်ခေါ်ပါသည်။

Join the forum, it's quick and easy

အိုင်တီမြန်မာ
အိုင်တီိဖိုရမ်မှသူငယ်ချင်းကိုနွေးထွေးစွာကြိုဆိုပါတယ်...
မိတ်ဆွေမန်ဘာမဟုတ်သေးပါကမန်ဘာဝင်ရန်ဖိတ်ခေါ်ပါသည်။
အိုင်တီမြန်မာ
Would you like to react to this message? Create an account in a few clicks or log in to continue.

ဗန်ပါစိ ဘယ်ကိုမှ မသွားပါဘူးဆို တဲ့ အာဆင်ဝင်းဝါး

Go down

ဗန်ပါစိ ဘယ်ကိုမှ မသွားပါဘူးဆို တဲ့ အာဆင်ဝင်းဝါး  Empty ဗန်ပါစိ ဘယ်ကိုမှ မသွားပါဘူးဆို တဲ့ အာဆင်ဝင်းဝါး

Post  mr.virus Tue Sep 27, 2011 8:32 pm

လာမည့်နှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော အသင်းခေါင်းဆောင် ဗန်ပါစီသည် အာဆင်နယ်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟူသော သတင်းများကို အာဆင်ဝင်းဂါးက ပယ်ချခဲ့သည်။
ဗန်ပါစိ ဘယ်ကိုမှ မသွားပါဘူးဆို တဲ့ အာဆင်ဝင်းဝါး  Th_08509_aa_122_245lo

အာဆင်နယ် အသင်းခေါင်းဆောင် ဗန်ပါစီသည် အသင်းကို စွန့်ခွာသွားသော နာဆရီနှင့် ဖားဘရီးဂတ်စ်တို့ကဲ့သို့ ပြုလုပ်လိမ့်မည် မဟုတ်ဘဲ အာဆင်နယ်အသင်းကို ကာလရှည်ကြာစွာ ဦးဆောင်မှုများ ပေးလိမ့်မည် ဖြစ်သည်ဟု အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

ဘော်လ်တန်အသင်းအား သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် ဗန်ပါစီသည် သူ၏ ၉၉ဂိုးနှင့် ဂိုး၁၀၀ မြောက်ဂိုးတို့ကို သွင်းယူခြေစွမ်းပြခဲ့ပြီး အာဆင်နယ်၏ ခြေစွမ်းပျောက်ဆုံးနေမှုကို အဆုံးသတ် ပေးခဲ့သည်။ ထိုပွဲအနိုင်ရရှိခဲ့ပြီးနောက် အာဆင်ဝင်းဂါးက သူနှင့်ဗန်ပါစီတို့ ပြီးခဲ့သော နွေရာသီက ဆွေးနွေးခဲ့မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။



ဝင်းဂါးက ``နွေတုန်းက ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့တာ အမှန်ပါပဲ။ တကယ်လို့ ခင်ဗျားသာ သူ့(ဗန်ပါစီ၏)နေရာမှာဆိုရင်လည်း နာဆရီတို့၊ ဖားဘရီးဂတ်စ်တို့ ထွက်သွားတဲ့အတွက် အသင်းရဲ့ ဦးတည်ချက်အပေါ် အနည်းအကျဉ်းတော့ စိုးရိမ်မိမှာ အမှန်ပဲ မဟုတ်လား။´´ ဟု ပြောကြားခဲ့သည်။

အကယ်၍ ဗန်ပါစီ၏ ၂၀၁၃ခုနှစ်တွင် ကုန်ဆုံးမည့် စာချုပ်ကို သက်တမ်းမတိုးနိုင်ပါက အာဆင်နယ် အသင်းသည် နာဆရီနှင့် ကြုံတွေ့ခဲ့ရသော ပြဿနာမျိုး ထပ်မံကြုံတွေ့ရမည် ဖြစ်သည်။ သို့သော်လည်း အာဆင်ဝင်းဂါးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်းနှင့် စာချုပ်ကိစ္စ ပြောဆိုဆွေးနွေးမှုများ မပြုလုပ်ဖြစ်ခဲ့သည်မှာ သူတို့အနေဖြင့် အလွန်အလုပ်များခဲ့သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝင်းဂါးက ``သူ(ဗန်ပါစီ) ထွက်သွားမှာလား။ ကျွန်တော်လုံးဝမထင်ပါဘူး။ ရော်ဘင်က ဘာစီလိုနာက မဟုတ်ဘူးလေဗျာ။ ´´ ပြောခဲ့သည်။

အသက် ၂၈နှစ်ရှိပြီ ဖြစ်သော ဗန်ပါစီသည် ယခုအခါ အာဆင်ဝင်းဂါး၏ သုံးပွင့်ဆိုင် တိုက်စစ်ပုံစံတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။ ထို့အတူ အာဆင်ဝင်းဂါးက သူ၏ နံပါတ်၁၀ပိုင်ရှင် တိုက်စစ်မှုးကို ဘာစီလိုနာ၏ နံပါတ်၁၀ ပိုင်ရှင် မက်ဆီနှင့် နှိုင်းယှဉ်ချီးကျူးခဲ့သည်။

ဝင်းဂါးက ``နေရာယူတတ်မှု အနေနဲ့ ကြည့်ရင် သူဟာ မက်ဆီနဲ့ ဆင်နေတာကို ကျွန်တော် တွေ့ရပါတယ်။ အနောက်ထိ ဆင်းပြီးဘောလုံးယူတတ်တယ်၊ အရှေ့မှာလည်း ကောင်းကောင်း ကစားနိုင်တယ်။ သူဟာ တကယ့်တိုက်စစ်မှုးတစ်ယောက် အနေနဲ့တော့ မကစားပါဘူး။ ဒါပေမယ့် ဂိုးဧရိယာနားမှာ သူ့ရဲ့ လှုပ်ရှားမှုကို ကြည့်ရင် သူ ဘယ်လောက်ပါးနပ်တယ် ဆိုတာကို မြင်ရမှာပါ။ တခါတခါ ထောင့်ဖြတ် ဖြတ်ပြေးတာမျိုးလည်း မြင်ရတာပါပဲ။ သူရဲ့ ထိချက်ထိန်းချက်တွေဟာ ကောင်းလွန်းတော့ သူဟာ ကျဉ်းထဲကျပ်ထဲမှာတောင် အပြောင်းအလဲ လုပ်နိုင်တဲ့သူတစ်ယောက်လို့ ကျွန်တော်ထင်တယ်။´´ ဟု ဆိုလိုက်သည်။

အသင်းခေါင်းဆောင်ဟောင်း ဖားဘရီးဂတ်စ် ဘာစီလိုနာသို့ ပြောင်းရွှေ့သွားပြီးနောက် ဗန်ပါစီသည် အာဆင်နယ်အသင်းခေါင်းဆောင် ရာထူးကို ရရှိခဲ့သည်။ ထိုသို့ရယူပြီးနောက် ဗန်ပါစီ၏ ခေါင်းဆောင်နိုင်မှု အရည်အချင်းကိုလည်း အာဆင်ဝင်းဂါးက ချီးကျူးခဲ့သည်။

ဝင်းဂါးက ``သူဟာ စိတ်လှုပ်ရှားတတ်တဲ့ လူငယ်လေးတစ်ယောက် အဖြစ်ကနေ ဒီနေ့အရွယ် လူတစ်ယောက်အဖြစ် ရင့်ကျက်လာခဲ့တာပါ။ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲခဲ့ပါတယ်။ အလွန်ပါးနပ်တဲ့ သူတစ်ယောက်ပါ။ သူကို စကားပြောကြည့်တာနဲ့ သူ့ရဲ့စိတ်ကို သိနိုင်ပါတယ်။ သူဟာ အကြံဥာဏ်တွေကိုလည်း လက်ခံတတ်သူပါ။ အားလုံးခြုံပြီးပြောရရင် သူဟာ ပြီးပြည့်စုံတဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပါပြီ´´ ဟုပြောကြားခဲ့သည်။ cheers

mr.virus
အထူးအသင်းဝင်
အထူးအသင်းဝင်

Posts : 6
Reputation : 0
Join date : 2011-09-24

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum