အိုင်တီမြန်မာ
အိုင်တီိဖိုရမ်မှသူငယ်ချင်းကိုနွေးထွေးစွာကြိုဆိုပါတယ်...
မိတ်ဆွေမန်ဘာမဟုတ်သေးပါကမန်ဘာဝင်ရန်ဖိတ်ခေါ်ပါသည်။

Join the forum, it's quick and easy

အိုင်တီမြန်မာ
အိုင်တီိဖိုရမ်မှသူငယ်ချင်းကိုနွေးထွေးစွာကြိုဆိုပါတယ်...
မိတ်ဆွေမန်ဘာမဟုတ်သေးပါကမန်ဘာဝင်ရန်ဖိတ်ခေါ်ပါသည်။
အိုင်တီမြန်မာ
Would you like to react to this message? Create an account in a few clicks or log in to continue.

ကိုယ့်ဒေသအတွက် အင်တာနက်ကို တန်ဖိုးနည်း Wireless စနစ်ဖြင့် ဖြန့်ကြမယ်

Go down

ကိုယ့်ဒေသအတွက် အင်တာနက်ကို တန်ဖိုးနည်း Wireless စနစ်ဖြင့် ဖြန့်ကြမယ် Empty ကိုယ့်ဒေသအတွက် အင်တာနက်ကို တန်ဖိုးနည်း Wireless စနစ်ဖြင့် ဖြန့်ကြမယ်

Post  Admin Tue Sep 27, 2011 2:22 am

ကျွန်တော် ဒီပြတိုက်မှာ အဖွဲ့ဝင်တာ မကြာသေးပါဘူး။ တစ်လ မပြည့်သေးပါဘူး။ ဘာမှလည်း မရေးဘူးသေးပါဘူး။ အင်တာနက်ကို ကိုယ်ပိုင်သုံးနိုင်တာလဲ လပိုင်းပဲရှိပါသေးတယ်။ ဒါကြောင့် အမှားများစွာ ပါနေမယ့် ကျွန်တော့်စာစုလေးကို သည်းခံဖတ်ပေးကြပါဦး။ ကျွန်တော်မသိတဲ့အရားများစွာကိုလည်း ပြတိုက်က မိတ်ဆွေတွေဆီက သိချင်ပါတယ်။ သူငယ်ချင်းတွေလည်း Invite လုပ်ချင်ပါတယ်။ ကျွန်တော့်အဲဒါလေးတွေကအစ မလုပ်တတ်ပါဘူး။ အခုရေးမယ့် အကြောင်းအရာက ကျွန်တော်ကိုယ်တိုင် အင်တာနက်ကို စသုံးခွင့်ရပြီဆိုကတည်းက လူအများကို (အထူးသဖြင့် စာတတ်သူ/စာမတတ်သူ အားလုံး) သုံးခွင့်၊ မြင်တွေ့ခွင့် ရစေချင်တာကြောင့် တတ်နိုင်သလိုနဲ့ သိသလို ရှယ်ယာပေးထားတာကို ပြန်လည်ပြောပြချင်တာပါ။ ဒါထက်ကောင်းတက်နည်းများရှိမှာပါ။ အခုတော့ ကျွန်တော်လုပ်ဆောင်နေတာကို စရေးပါ့မယ်။ ကျွန်တော်က အင်တာနက်ကို ရူးသွပ်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းကပါ။ ဒါပေမယ့် အခွင့်အရေးက ဘယ်လိုမှ ကိုယ့်အတွက် မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ ငွေမှမချမ်းသာဘဲကိုး။ ငွေရှိမှ ကွန်ပျူတာကို သုံးရမျာလား လို့ မေးခဲ့ရင် ဟိုအရင်ကတော့ ဟုတ်ခဲ့မှာပါ။ ငွေရှိတိုင်းတောင် မသုံးနိုင်ခဲ့ကြပါဘူး။ သုံးနိုင်တဲ့အရည်အချင်းလည်းရှိဦးမှပါ။ အခုတော့ အရမ်းတိုးတက်ပြောင်းလဲနေတဲ့ခေတ်ဆိုတော့ လူတိုင်းသုံးနိုင်လာကြပါပြီ။ ကျွန်တော်အင်တာနက်စ စသုံးရတာက 7.7.2011 မှပါ။ ကိုယ်တစ်ယောက်တည်းသုံးရတာထက် လူအများကို သုံးနိုင်အောင် ဘယ်လိုလုပ်ရမလဲ အမြဲပဲ ခေါင်းထဲမှာရှိနေခဲ့ပါတယ်။ Wireless နဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း ကြည့်ဖြစ် ဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် သီအိုရီနဲ့ တကယ့်လက်တွေ့ကွာခြားချက်တွေက ရှိနေပြန်ပါတယ်။ တကယ်လုပ်တော့မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ တော်တော်မလွယ်ခဲ့တာပါ။ ပိုဆိုးတာက ကျွန်တော်က မချမ်းသာလို့ပါပဲ။ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အသုံးပြုရတာ အလွယ်ကူဆုံးနည်းလမ်းကို စဉ်းစားရတာပေါ့။ မြို့ပေါ်တက်ပြီး ပညာရှင်ကို ပင့်မယ်ဆိုတော့လည်း ကုန်ကျစရိတ်က မနည်းလှ။ ဒါနဲ့ပဲ ကိုသိသလောက်နဲ့ ကိုယ့်ထက်သိတဲ့သူတွေဆီကနေ နည်းပေါင်းစုံနဲ့ပေါင်းပြီး ဒီနေ့တော့ အတိုင်းအတာတစ်ခုထိ အောင်မြင်သွားပါတယ်။
ဒီကနေ့ပဲ ကျွန်တော်အိမ်နဲ့ အရပ်အခေါ် (၃) မိုင်လောက်ဝေးမယ့် ရွာတစ်ရွာက စာကြည့်တိုက်ကို အင်တာနက်အခမဲ့ အသုံးပြုနိုင်အောင် သွားဆင်ပေးခဲ့ပါတယ်။ အဲဒီရွာကို ကျွန်တော့်ဆီကနေ လှမ်းပို့ဖို့ တော်တော်စဉ်းစားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရွာကတောင်ပေါ်ရွာ၊ ဒါပေမယ့် ကြားမှာ တောင်ကုန်းတစ်ခုက ခံနေတယ်လေ။ ကဲပါ ကျွန်တော့်စာဖတ်ရတာ လိုရင်းမရောက်တော့ဘူးဆိုပြီး ပျင်းနေရောပေါ့။ လုပ်ဆောင်ပုံကိုပဲ ပြောပါတော့မယ်။ ရှေ့ကပြောခဲ့တာက လက်တွေ့မှာ (၃) မိုင် (၄) မိုင် လာက်ပဲ ရတယ်ဆိုတာပါ။ ကျွန်တော်သုံ့းတဲ့ပစ္စည်းက သီအိုရီအရ မိုင် (၃၀) လောက်ရတယ်လို့ပါပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျွန်တော့်လွှင့်မယ့်ဘက်က TP-Link ကထုတ်တဲ့ Wireless Outdoor CPE တစ်လုံးနဲ့ ဖမ်းမယ့်ဘက်က နောက်ထပ်တစ်လုံးလိုပါတယ်။ ကျွန်တော့်ဘက်က CPE ဆီကို Router ကနေ Cat 6 (or) Cat 5 Cable နဲ့ဆက်သွယ်ရပါတယ်။ ဖမ်းမယ့်ဘက်ကလည်း CPE ကနေထွက်လာတဲ့ Cable ကို ကျွန်ပျူတာနဲ့ ဆက်သွယ်ရုံပါပဲ။
အဲဒီအထိ အခက်အခဲမရှိပါဘူး။ CPE တွေကိုတော့ သံပိုက်နဲ့ ပေ (၄၀) ၀န်းကျင်လောက်ထိ မြင့်မြင့်ထောင်ရပါတယ်။ CPE တစ်လုံးရဲ့တန်ဖိုးကလည်း သိပ်မရှိပါဘူး။ မြန်မာငွေ (၄၀၀၀၀) ကျပ်ဝန်းကျင်ထဲပါ။
အရေးအကြီးဆုံးက အဲဒီ CPE တွေကို Configuar လုပ်တဲ့အပိုင်းပါ။ အဲဒီအပိုင်းကို သိရဖို့ ကျွန်တော့်မှာ တော်တော်ပင်ပန်းခဲ့ရပါတယ်။ (ကိုယ်တိုင်က အသိပညာနည်းလို့လည်းဖြစ်မှာပါ။) မန္တလေးက ပညာရှင်တစ်ချို့ကိုမေးကြည့်တော့ တပ်ဆင်ခကိုက သိန်းဂဏန်းဖြစ်နေပြန်ပါတယ်။ ပညာရှင်ကို ကားငှားပြီးအကြိုအပို့လုပ်ရပါဦးမယ်။ အဲဒါတွေကို ကျွန်တော်က မတတ်နိုင်ပါဘူး။ (ငွေမရှိလို့ပါ)။ အဲဒီအခက်အခဲတွေကို မိတ်ဆွေများ သိရှိနိုင်အောင်လို့ ရေးပေးပါ့မယ်။
ဆရာကြီးလုပ်ပြီး ရေးခြင်းမဟုတ်ပါ။ အမှားပါရင် ခွင့်လွှတ်ကြပါ။
ပထမဆုံး CPE နှင့် ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ။ အဲဒီမှာ CPE ၀ယ်စဉ်က ကြိုးတိုလေးတစ်ချောင်းနဲ့ POE လို့ခေါ်တဲ့ ခေါင်းတစ်ခု၊ နောက် 12 ဗို့ အဒက်ပတာ။ မိမိဆီမှာ UTP Cable တော့ ရှိရပါမယ်။
မိမိကွန်ပျူတာရဲ့ IP Address ကိုတော့ 192.168.1.--- ဖြစ်နေရပါမယ်။ ဒါမှ CPE ရဲ့ဆိုက်ကို ၀င်လို့ရမှာပါ။ ဘာ Drever မှ မလိုပါဘူး။
အားလုံးတပ်ဆင်ပြီးသွားရင်တော့ Start => Run ကိုကလစ်ပါ။ အဲဒီမှာ [You must be registered and logged in to see this link.] ကို ရိုက်ပြီး OK ပေးလိုက်ပါ။ CPE ရဲ့ဆိုက်ကိုရောက်လာပါပြီ။ ဒါပေမယ့် လုံခြုံရေးအတွက် User Name & Password တောင်းပါလိမ့်မယ်။ ပုံသေက User Name မှာ admin နဲ့ Password မှာလည်း admin ရိုက်ထည့်လိုက်ပါ။ ဒါဆို CPE ရဲ့ဆိုက်ကို ရောက်သွားပါပြီ။
အဲဒီဆိုက်ထဲမှာ Quick Setup မှာသွားပြီး AP Client Router နဲ့ တစ်ခေါက် သွားလိုက်ပါ။ နောက်တစ်ခါ AP နဲ့ တစ်ခေါက် ထပ်သွားလိုက်ပါ။ အဲဒါဆိုရင် CPE က မီးလုံးလေးတွေအားလုံးလင်းနေပါမယ်။
ပြီးရင် Network မှာ သွားပြီး ကြိုက်တဲ့ IP Address ပေးနိုင်ပါတယ်။ Gateway နေရာမှာတော့ မိမိ Router က IP ဖြစ်ရပါမယ်။ ပြင်ပြီးရင် Save လုပ်ရပါမယ်။ သူက Restart ပြန်ခြင်းကို ခဏစောင့်ပါ။ (ကွန်ပျူတာကို Restart ပြန်ခြင်းမဟုတ်ပါ။ CPE ကိုပြန်ခြင်းဖြစ်သည်။)
ပြီးရင် Wireless ကို သွားရပါမယ်။ အဲဒီမှာ မိမိကြိုက်တဲ့နာမည်ပေးနိုင်ပါတယ်။ (ဥပမာ KMH Computer Center ) ပြီးရင် Wireless အောက်က Wireless Mode ကို ၀င်ပါ။ လွှင့်မယ့်ဘက်က ဆိုရင် Access Point ကို ထားရပါမယ်။ ဖမ်းမယ့်ဘက်ကဆိုရင်တော့ Client ကို ရွေးပေးလိုက်ပါ။ ပြီးရင် ထုံးစံအတိုင်း Save ပါ။ ဒါဆိုရင် နှစ်မိုင်/ သုံးမိုင်လောက်ကနေ သုံးနိုင်ပါပြီ။
လုံခြုံရေးအရ ပြုလုပ်ချင်တယ်ဆိုရင်တော့ Wireless အောက်က Security Setting ကိုသွားပြီး မိမိကြိုက်နှစ်သက်တဲ့ Setting ကို ရွေးချယ်နိုင်ပါတယ်။ (လွှင့်မယ့်ဘက်နှင့် ဖမ်းယူမယ့်ဘက် တော့ တူရပါမယ်။)
အခြား Setting များစွာလည်းပါပါတယ်။ မိတ်ဆွေတို့စိတ်ကြိုက် Repeater တို့ Bridge တို့ လည်းသုံးနိုင်ပါတယ်။ နောက် မိမိအိမ်မှနေပြီး ဖမ်းယူထားတဲ့လိုင်းတွေရဲ့ Signal ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ လှမ်းကြည့်နိုင်ပါတယ်။
မိတ်ဆွေများအနေနဲ့လည်း မိမိအိမ်မှာ အင်တာနက်လိုင်းရှိနေရင် နီးစပ်ရာကို ဝေငှသုံးစွဲနိုင်ကြပါစေ
ကျွန်တော်ရေးတာ စာရှည်သွားလို့ အသေးစိတ်မရေးနိုင်တာကို ခွင့်လွှတ်ပေးကြပါ။ သိပြီးသား မိတ်ဆွေများအနေနဲ့လည်း ကျွန်တော့စာရဲ့လိုအပ်ချက်တွေကို ဖြည့်ပေးကြပါလို့ ပန်ကြားအပ်ပါတယ်ခင်များ .....
[You must be registered and logged in to see this link.]
Admin
Admin
အုပ်ချုပ်ရေးမှူး
အုပ်ချုပ်ရေးမှူး

Posts : 34
Reputation : 0
Join date : 2011-09-23

https://itmyanmar.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum